Satoshi BTCs (Second Bitcoin) ဆိုတာ ဘာလဲ?
Satoshi BTCs (Second Bitcoin) ဆိုတာ ဘာလဲ?
တရက်ကို 30 s လောက် အချိန်ပေးယုံနဲ့ အနာဂတ်မှာ ချမ်းသာ လာနိုင်မဲ့အခွင့်ရေး 
Satoshi BTCs (Second Bitcoin) ဆိုတာ ဘာလဲ?
*****************************************************
မိတ်ဆွေအနေနဲ့ Bitcoin (BTC) ဆိုတာ ကြားဖူးပါသလား? ဟုတ်ပါတယ်။ Bitcoin ဆိုတာ အခုလောလောဆယ် 1 coin ကို မြန်မာငွေကျပ် သိန်းပေါင်း ၁ ထောင်နီးပါး ( USD 60,000) ကျော် တန်ဖိုးရှိတဲ့ ကမ္ဘာ့ ပထမဆုံး ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) ပဲဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ မြန်မာငွေသိန်းတစ်ထောင်တန်ကားဝယ်ချင်တယ်ဆိုရင် 1 Bitcoin ပေးလိုက်ရုံပါပဲ။
"ဟာ... မဖြစ်နိုင်ပါဘူး" လို့များ ပြောချင်သလားမိတ်ဆွေ? အဲ့ဒါဆိုရင် အင်တာနက်ပေါ်မှာ Bitcoin အကြောင်း ရှာဖတ်ကြည့်လိုက်ပါအုံး။
၂၀၀၉ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ Bitcoin ဟာ ကနဦးတုန်းက ငွေကြေးအရ တစ်ပြားမှ တန်ဖိုးမရှိခဲ့ပါဘူး။ အခု ၁၂ နှစ်ကျော်ကြာလာတဲ့အခါမှာတော့ အထက်ပါအတိုင်း အတိုင်းမသိတန်ဖိုးကြီးလှတဲ့ အင်တာနက်ငွေကြေးတစ်ခုဖြစ်လာပါပြီ။
Bitcoin ကို အခမဲ့စပေးခဲ့တုန်းက ဘယ်သူကမှ မယုံကြည်ခဲ့ကြပဲ ပြီးစလွယ်လုပ်ပစ်ခဲ့ကြတဲ့ သူတွေဟာ အခုဆိုရင် ငိုနေရပြီဖြစ်ပါတယ်။ Laszlo Hanyecz ဆိုတဲ့လူဟာ လွန်ခဲ့တဲ့ ၁၁ နှစ်လောက် Bitcoin ကို အခမဲ့ပေးနေခဲ့တုန်းက Pizza ၂ ချပ်ကို 10,000 Bitcoin ပေးပြီး ဝယ်စားပစ်ခဲ့ပါတယ်။ အခုအချိန်မှာ အဲ့ဒီ 10,000 Bitcoin ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် (USD 600 million) တန်ဖိုးရှိပြီဖြစ်တဲ့အတွက် ငိုနေရပြီဖြစ်ပါတယ်။
အခု Second Bitcoin လို့ခေါ်ကြတဲ့ (Satoshi BTCs) ဟာ Bitcoin ကိုဖန်တီးခဲ့တဲ့ Satoshi Nakamoto ဆိုတဲ့ ပုဂ္ဂိုလ်က ဖန်တီးခဲ့တယ်လို့ ပြောနေကြပြီး Bitcoin ကိုမမှီခဲ့တဲ့လူတွေအတွက် ချမ်းသာနိုင်မဲ့ ဒုတိယအခွင့်အရေးကို ပေးအပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
Bitcoin တုန်းက စုစုပေါင်း 21 million coins (အကြွေစေ့ ၂၁ သန်း) ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အခုဈေးကွက်ထဲမှာ အဲ့ဒီ BTC coin ၂၁ သန်းကိုပဲ လှည့်လှယ်သုံးစွဲနေကြတာပါ။
ဒီ Second Bitcoin (BTCs) မှာကတော့ coin စုစုပေါင်း 2.1 billion (သန်း ၂၁၀၀) အခမဲ့ပေးဝေသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ အခုလို အများအပြား ပေးဝေထားသလဲဆိုရင် ဒီ Second Bitcoin (BTCs) ကို ကမ္ဘာပေါ်ကလူတိုင်း နေ့စဉ်အသုံးပြုလို့ရမဲ့ ငွေကြေးတစ်ရပ်အနေနဲ့ တည်ဆောက်သွားမှာဖြစ်လို့ပါပဲ။
"Coin ပေါင်း သန်း ၂၁၀၀ (2.1 billion BTCs) ဆိုတာ အများပဲ... အဲ့လိုအများကြီးကို အခမဲ့ပေးနေတာဆိုရင် ဆိုရင် တကယ်တန်ဖိုးရှိလာပါ့မလား" လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၅၀၀ ကျော်နဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အင်မတန်နည်းပါးတဲ့ ပမာဏတစ်ခုဖြစ်နေပါတယ်။
Second Bitcoin (BTCs) ပရောဂျက်ဟာ 2020 ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ (12.12.2020) မှာစတင်ခဲ့တာဖြစ်တဲ့အတွက် အချိန်အားဖြင့် 2 နှစ်ဝန်းကျင်ရှိနေပါပြီ။ နောက်ထပ် အချိန်2နှစ်တိတိ အခမဲ့တူးဖော်ခွင့်ပေးထားပြီး စုစုပေါင်း BTCs 2.1 billion ကို ပေးဝေသွားမှာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့မှာ အချိန် 2 နှစ်ကျန်ရှိနေပါသေးတယ်။
အခမဲ့ တူးဖော် (mining) ခွင့်ပေးထားတဲ့ ပြီးသွားတဲ့ 2 နှစ်+ ကျန်ရှိနေသေးတဲ့2 နှစ်၊ စုစုပေါင်း ၄ နှစ်တိတိ တူးဖော်ကြပြီးတဲ့နောက်မှာ BTCs ဟာ mainnet (တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ်မှတ်ပုံတင်ပြီးတန်ဖိုးသတ်မှတ်ခြင်း) ပေါ်ရောက်လာမှာဖြစ်ပြီး USD နဲ့တိုက်ရိုက်လှဲလှယ် သုံးစွဲနိုင်တော့မှာပါ။ စိတ်ရှည်သီးခံနိုင်မှုနဲ့ နေ့စဉ်မပျက်မကွက် တူးဖော်နေဖို့ပဲ လိုပါတယ်။
တစ်ချို့တွေက "ဟာ... ဘာတွေမှန်းမသိဘူး။ မလုပ်ဘူးကွာ" လို့ ပြောကြပါလိမ့်မယ်။ ကျွန်တော်တို့မှမဟုတ်ပါဘူး။ တော်တော်များများ (အနောက်နိုင်ငံသားများတောင်) ကနဦးမှာ အဲ့လိုဖြစ်ခဲ့ကြတာပါ။ အခုအချိန်မှာ မလုပ်ခဲ့မိတဲသူတွေငိုနေရပြီး ယုံယုံကြည်ကြည်လုပ်ခဲ့တဲ့လူတွေက ကျိကျိတက်ချမ်းသာနေကြပါပြီ။
Satoshi BTCs ကြောင့် နေ့ချင်းညချင်းချမ်းသာသွားလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခုကြာလာတဲ့အခါ သေချာပေါက်တန်ဖိုးရှိလာမယ်ဆိုတာ ရှေ့မှာ သာဓကတွေအများကြီးရှိနေပါပြီ။
ဒါကြောင့် ပြောချင်တာက အရမ်းမတွေးပါနဲ့။ လုပ်စရာရှိတာ စလုပ်လိုက်ပါ။
မူရင်းပိုစ့်ပိုင်ရှင်ကို credit ပေးပါတယ်။
Comments
Post a Comment